Surprise Me!

Tasty Trip: The fort Minhla and Kway Chaung

2017-06-16 5 Dailymotion

မင်းလှခံတပ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀ ကာလ တတိယ အင်္ဂလိပ်မြန်မာစစ်ပွဲအတွင်း အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ ဧရာဝတီမြစ်ကို ဆန်တက်လာမယ့် အင်္ဂလိပ်စစ်တပ်တွေကို စောင့်ကြိုချေမှုန်းနိုင်ဖို့ မင်းတုန်းမင်းရဲ့ ညီတာ် ကနောင်မင်းသားကြီး ဦးစီးကွပ်ကဲပြီး တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။

ဂွေ့ချောင်းခံတပ်ဟာ မင်းလှခံတပ်ရဲ့ တဖက်ကမ်း ညာဘက်မျက်စောင်းထိုးအရပ်လောက်မှာ ရှိပါတယ်။ မင်းလှခံတပ်က ဧရာဝတီမြစ် အနောက်ဘက်မှာဖြစ်ပြီး ဂွေ့ချောင်းခံတပ်ကနော့ မြစ်အရှေ့ဘက် မြစ်အောက်ပိုင်းနေရာဖြစ်ပါတယ်။

မင်းလှခံတပ်နဲ့ ကွေ့ချောင်းခံတပ်တွေဟာ ညီနောင်ခံတပ်တွေဖြစ်ကြသလို ကာလတခုတည်းမှာပဲ တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။