Surprise Me!

အစွန်းနှစ်ဖက် အတွက် ပြင်ဆင်နေတဲ့ ဂျီလတ်

2017-10-07 12 Dailymotion

အချစ်သီချင်းတွေနဲ့ ပရိသတ်သိတဲ့ တေးသံရှင် ဂျီလတ်ကတော့ သူ့ရဲ့အစွန်းနှစ်ဖက် MTV အတွက် ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ အစွန်းနှစ်ဖက် အယ်လ်ဘမ်ထဲက အစွန်းနှစ်ဖက်၊ စံပယ်ဖြူများနဲ့အတူ၊ တစ်နေ့တော့ စတဲ့ သီချင်း တော်တော်များများဟာ ပရိသတ်တွေနဲ့ ထပ်တူကျခဲ့သလို MTV ကိုလည်း ပရိသတ်ကြည့်ရှုနိုင်ဖို့ လာမယ့် ဇွန်လထဲမှာ အရောက်ပို့ပေးတော့မှာဖြစ်ပါတယ်။
သူ့ရဲ့သီချင်းသစ်တွေနဲ့ ဝေးကွာနေတဲ့ ပရိသတ်တွေဆီ သီချင်းအသစ်တွေပေးနိုင်ဖို့ တတိယ အခွေအတွက် ပြင်ဆင်နေပြီး အဲဒီအခွေထဲမှာတော့ အချစ်သီချင်းတွေနဲ့အတူ ဘဝကို ထင်ဟပ်စေမယ့် သီချင်းတွေ ပါဝင်မယ်လို့ သိရပါတယ်။


ရုပ်သံသတင်းထောက် - အေးမြတ်