Surprise Me!

ရန်ကုန်မြို့လယ်ခေါင် က ရတနာဆိုင် သိန်းရှစ်ဆယ် ဖိုး လုယက်ခံရ

2017-10-07 6 Dailymotion

ပန်းဘဲတန်းမြို့နယ်ရှိ Diamond 54ဆိုတဲ့ ရတနာဆိုင်တစ်ဆိုင်မှာ ဒီကနေ့ စက်တင်ဘာ၁၅ မနက်၉နာရီဝန်းကျင်က လုယက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

အဲဒီ့ဆိုင်က မဟာဗန္ဓုလလမ်းနဲ့ ၂၉လမ်းအနီး ရန်ကုန်မြို့လယ်ခေါင်မှာ တည်ရှိတာပါ။ ဆိုင်ဖွင့်ချိန်မှာ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသား တစ်ဦးက ဆိုင်ဝန်ထမ်း အမျိုးသမီးကို ထိုးကြိတ်ပြီး လုယက်ခဲ့တာဖြစ်တယ်လို့ ပန်းဘဲတန်းမြို့နယ်ရဲစခန်းက ရဲအရာရှိတစ်ဦးကပြောပါတယ်။

ငွေကျပ်သိန်း ၈၀တန်ဖိုးရှို စိန်ထည်ပစ္စည်းကို လုယက်သွားတာဖြစ်တယ်လို့လည်း အဲဒီ့ရဲအရာရှိကဆိုပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပန်းဘဲတန်းမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ အဲဒီ့ဆိုင်မှာ တပ်ဆင်ထားတဲ့ CCTV မှတ်တမ်းတွေကို စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်