Surprise Me!

ဒီချုပ် လူငယ်အဖွဲ့ဝင် လျှောက်လွှာတွေ စရောင်းနေပြီ

2017-10-07 2 Dailymotion

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူငယ်အဖွဲ့ဝင်အဆိုပြုလွှာပုံစံတွေကို လူငယ်ညီလာခံကျင်းပရေးဗဟိုကော်မရှင်က စတင်ရောင်းချနေပြီဖြစ်ပါတယ်။

စက်တင်ဘာ ၂၀ ရက်မနေ့က စတင်ရောင်းချတာဖြစ်တယ်လို့ လူငယ်ညီလာခံ ကျင်းပရေးဗဟိုကော်မရှင် ဥက္ကဌ ဦးမောင်မောင်ဦးကပြောပါတယ်။ ဒုတိယအကြိမ် လူငယ်ညီလာခံ ကျင်းပရေးဗဟိုကော်မရှင်က လူငယ်အဖွဲ့ဝင် အဆိုပြုလွှာ တစ်စုံကို တစ်ရာကျပ်နဲ့ရောင်းချတာဖြစ်ပြီး မြို့နယ်ကော်မရှင်တွေက အဆိုပြုလွှာတစ်စုံကို နှစ်ရာကျပ်နဲ့ ရောင်းချရမှာဖြစ်ပါတယ်။

အဲဒီ့အဆိုပြုလွှာပုံစံတွေကို သတ်မှတ်ထာတဲ့အတိုင်းဖြည့်စွက်ပြီး ဗဟိုကော်မရှင်ထံ အဆင့်ဆင့်ပြန်လည်ပေးပို့ရမှာဖြစ်ပါတယ်။ ဗဟိုကော်မရှင်က အဖွဲ့ချုပ်လူငယ်ကဒ်ပြားပေါ်မှာ အဖွဲ့ချုပ်ဥက္ကဌရဲ့ လက်မှတ်ရိုက်နှိပ်ပြီး သက်ဆိုင်သူတွေထံ အဆင့်ဆင့် ပြန်လည်ပေးပို့သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခြားပါတီဝင်တွေ အနေနဲ့ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ် အဖွဲ့ဝင်အဖြစ် ဝင်ရောက်လိုပါက သက်ဆိုင်ရာ ပါတီတွေက နှုတ်ထွက်စာကိုပါ ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။ လူငယ်အဖွဲ့ဝင် အဆိုပြုလွှာပုံစံတွေကို ရောင်းချတာက ဒုတိအကြိမ် လူငယ်ညီလာခံ အတွက် သာမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူငယ်ပါတီဝင်တွေ စုဆောင်းတာဖြစ်တယ်လို့လည်း ဦးမောင်မောင်ဦးက ဆိုပါတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်