နှစ် ၈၀၀ ပွဲတော်အတွက် အဆင်သင့်ဖြစ်နေတဲ့ ပတ္တမြားမြေ
မတ်လ ၂၅၊ ၂၀၁၈။
မိုးကုတ်နှစ် ၈၀၀ ပြည့်ပွဲတော်ကြီးကို ကျင်းပဖို့အတွက် ၄ ရက်သာလိုပါတော့တယ်။ ပတ္တမြားငမောက်ထွက်ရာမြေ အမိနိုင်ငံတော်ကြီးအတွက် အဖိုးတန်တဲ့ ဒီမြေမှာ နှစ် ၈၀၀ ပြည့်ပွဲတော်ကြီးကို မတ်လ ၂၉ ရက်နေ့က စတင်ပြီး ၃ ရက်တိုင်တိုင် ကြီးကျယ်ခမ်းနားစွာ ကျင်းပတော့မှာပါ။
မိုးကုတ်မြို့ဟာ မြန်မာ၊ရှမ်း ၊ ပလောင် ၊ လီဆူ ၊ ပအို့ဝ် ၊ ချင်း ၊ကိုးကန့် ၊ ဂေါ်ရခါး အစရှိတဲ့ တိုင်းရင်းသားတွေ စုပေါင်း နေထိုင်ကြကာ လူဦးရေ တစ် သိန်းကျော် သာရှိတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ အေးချမ်းလှပြီး သာယာတဲ့ ဒီမြို့လေးမှာလည်း လည်ပတ်စရာတွေနဲ့ ဒေသခံတွေရဲ့ ဖော်ရွေမှုတွေဟာလည်း မွန်းကြပ်နေကြတဲ့ မြို့ပြယဉ်ကျေးမှုတွေရဲ့ ထွက်ပေါက် တခုဖြစ်လာပြီး ဘဝအမောတွေကို ဖြေဖျောက်ပေးနိုင်တဲ့ ခရီးသွားဒေသတခုဖြစ်ဖို့လည်း ဒေသခံတွေက ဆန္ဒရှိနေပါတယ်။
မိုးကုတ်မြို့ဟာ နိုင်ငံခြားသား ခရီးသွားများကို ပိတ်ပင်ထားတဲ့ မြို့ဖြစ်ပေမယ့် ဒီနှစ် ၈၀၀ ပြည့်ပွဲတော်မှာတော့ နိုင်ငံခြားသားတွေ အနေနဲ့ မိုးကုတ်မြို့ကို လာရောက်လည်ပတ်နိုင်တော့မှာဖြစ်ပါတယ်။
#7DayTV #Mogok #800year