Surprise Me!

တောင်နဝင်းဆည် CCTV တပ်ဆင်

2019-02-11 4 Dailymotion

တောင်နဝင်းဆည် CCTV တပ်ဆင်
-----------
ဆည်ကျိုးပေါက်တယ်လို့ မကြာခဏ ကောလဟလသတင်းတွေ ထွက်ပေါ်နေတဲ့ တောင်န၀င်းရေလှောင်တမံအခြေနေကို အချိန်နှင့် တပြေးညီသိရှိနိုင်ဖို့ စီစီတီဗီ လုံခြုံရေးကင်မရာများ တပ်ဆင်တော့မှာ ဖြစ်ပါတယ်။

အဆိုပါ ကင်မရာများကနေ ထွက်ရှိလာမယ့် စောင့်ကြည့်မှတ်တမ်းတွေကိုလည်း ပေါက်ခေါင်းမြို့လယ်ခေါင်မှာ LED ဘိုးထောင်ပြီး တိုက်ရိုက် ပြသထားမယ်လို့ သိရပါတယ်။ ပေါက်ခေါင်းမြို့က တောင်န၀င်းရေလှောင်တမံဟာ ငလျင်ဒဏ်ကြောင့် အက်ကြောင်းများဖြစ်ပေါ်လာပြီး တမံမြေသား နိမ့်ကျလာတာကြောင့် တစုံတခုဖြစ်လာရင် အလျှင်အမြန်မသိရှိမှာကို ဒေသခံတွေက စိုးရိမ်နေကျတာ ဖြစ်ပါတယ်။



ရိုက်ကူး ၊ တည်းဖြတ် ၊ တင်ဆက် - ဟန်ထူးဇော်