Surprise Me!

ကြံ့ခိုင်ရေးအမတ်၏ ဗိုလ်ချုပ်ရုပ်တုကိစ္စ မေးခွန်းမှု လွှတ်တော်ပယ်ချ

2019-03-15 0 Dailymotion

ကြံ့ခိုင်ရေးအမတ်၏ ဗိုလ်ချုပ်ရုပ်တုကိစ္စ မေးခွန်းမှု လွှတ်တော်ပယ်ချ

#MizzimaTV

နိုင်ငံတဝှမ်းမှာရှိတဲ့ ဗိုလ်ချုပ်ရုပ်တုတွေ ကိစ္စနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်မှာ မေးခွန်းမေးမြန်းရာမှာ ပြီးခဲ့တဲ့ အဖြစ် အပျက်တွေကို ပြန်မေးတဲ့သဘောဖြစ်နေလို့ဆိုပြီး မတ်လ ၁၄ရက်နေ့ လွှတ်တော်က ပယ်ချလိုက်တယ်လို့ ကာယကံရှင်ဖြစ်သူ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက မိတ္ထီလာမြို့နယ်အမတ် ဒေါက်တာမောင်သင်းက ပြောပါတယ်။

ထုလုပ်ထားတဲ့ ဗိုလ်ချုပ်ရုပ်တုတွေဟာ ၁၉၆၂ခုနှစ်၊ သမိုင်းဝင်မော်ကွန်းဥပဒေနဲ့အညီ ဟုတ်၊ မဟုတ်နဲ့ ဒေသတချို့မှာ ထုလုပ်ထားတဲ့ ရုပ်တုတွေဟာ ပုံစံအချိုးမကျတာတွေကြောင့် ဗိုလ်ချုပ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ဒေါက်တာမောင်သင်းက ဖေဖော်ဝါရီ ၂၀ရက်နေ့က လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့တာ ဖြစ်ပါတယ်။ လက်တလောမှာတော့ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်နဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေရှိနေပြီး ဒေသခံတိုင်းရင်းသားတွေဘက်က ကန့်ကွက်နေကြပါတယ်။

ရိုက်ကူး - မင်းမင်း (မဇ္ဈိမ ၊ နေပြည်တော်)