Surprise Me!

ကမ္ဘာတစ်ဝှမ်းက ရုပ်ရှင်တွေကို အခမဲ့ပြသသွားမယ့် ရုပ်ရှင်ပွဲတော် ရန်ကုန်မြို့ညွင် ကျင်းပမည်

2019-11-07 5 Dailymotion

ကမ္ဘာတစ်ဝှမ်းက ရုပ်ရှင်တွေကို အခမဲ့ပြသသွားမယ့် ရုပ်ရှင်ပွဲတော် ရန်ကုန်မြို့ညွင် ကျင်းပမည်
*********************
နိုင်ငံတကာနဲ့ပြည်တွင်းရုပ်ရှင်ကားပေါင်း၇၀ကိုအများပြည်သူအခမဲ့လာရောက်ကြည့်ရှုနိုင်မယ့် memory ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့မှာ နိုဝင်ဘာလ ၁၅ ရက်နေ့ကစတင်ပြီး ၁ဝရက်ကြာကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

Memoryရုပ်ရှင်ပွဲတော်ကိုဝဇီရာရုပ်ရှင်ရုံ၊မဟာဗန္ဓုလပန်းခြံနဲ့နောက်ဖေးလမ်းကြားနေရာတွေမှာပြုလုပ်သွားမှာဖြစ်ပြီးပွဲတော်၏တစ်စိတ်တစ်ပိုင်းအဖြစ်နောက်ဖေးလမ်းကြားတွင် မြန်မာခေတ်ဟောင်းရုပ်ရှင်များ ပြသသွားမှာလည်း ဖြစ်ပါတယ်။

ပြန်လည်ပြုပြင်ထားသော၃၃လမ်းနှင့်၃၄လမ်းကြား၊ရန်ကုန်မြို့နောက်ဖေးလမ်းကြားတွင် မြန်မာ့ရုပ်ရှင်ရွှေခေတ်၏ ရုပ်ရှင်များကို နံရံပန်းချီများ ရေးဆွဲပုံဖော်ထားပြီး မှုံရွှေရည်၊ အဖေတစ်ခုသားတစ်ခု၊ ပျို့ချစ်လင် စသည့် မြန်မာခေတ်ဟောင်းရုပ်ရှင်များကို "လမ်းမထက်က Memory ရုပ်ရှင်ပွဲတော်" အမည်ဖြင့် နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပြသသွားမှာဖြစ်ပါတယ်။

ရိုက်ကူး / တည်းဖြတ် - ဖူးအိအိနွယ်

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/62523


( ZawGyi )

*********************



